I just need 2 karma

Mi Account ဆိုသည်မှာ / Mi Account Lock ဆိုသည်မှာ


   Mi Account ဆိုတာ ကျနော်တို့ iPhone တွေမှာပါတဲ့

iCloud နဲ့ ဆင်တူရိုးမှားပါပဲ iCloud လိုမျိုး Secure မဖြစ်ပေမဲ့ Device ထဲမှာ Mi Account ၀င်ထားပြီး Mi Cloud ထဲမှာ Image ၊ Contact ၊ Message ၊ Note စသည့် Feature များကို Auto Backup လုပ်ထား၍ရသလို . . . Cloud Storage အနေဖြင့်လည်း 5GB ပေးပါတယ်။

Find Device ဆိုတဲ့ Feature ကို ON ထားပါက ဖုန်းအား Reset ချတာလို့ Firmware Restore လုပ်ခဲ့မိလျှင်ဖြင့် Device က Automatic Server နဲ့ချိတ်ဆက် ဆက်သွယ်လုပ်ပြီး Mi Account Lock ချပေးလိုက်ပါတယ်။

လုပ်ဆောင်ချက်များပြီးလို့ ဖုန်း က ပြန် ပွင့်လာတဲ့ အခြေအနေမှာ Home Screen မရောက်ချင်ကြားမှာ. . . ဖုန်းထဲမှာ Sign in ၀င်ထားခဲ့တဲ့ Mi Account နဲ့ Activate လုပ်ခိုင်းပါတယ်။ အဲ အခြေအနေမှာ. . . ကျနော်တို့ဟာ Mi Account ID နဲ့ Password မေ့သွားခဲ့မယ်ဆိုလျှင် ဖုန်းဟာ သေချာပေါက် ဘာမှ ဆက်လက်အသုံးပြု လုပ်ဆောင်လို့ ရနိုင်မည် မဟုတ်တော့ပေ။ Activation Lock Screen သာရပ်တန့်နေလိမ့်မည်။

အကယ်၍ Mi Account ၀င်ထားသော်ငြားလည်း Find Device သာ OFF ထားလျှင်တော့ Mi Account Lock မကျပါဘူး။

Mi Account Lock မှာ (၂) မျိုးရှိတယ်ဗျ. . . iCloud Lock မှာမျိုး Lost Mode နဲ့ Clean Mode ဆိုပြီး. . .

Lost Mode ဆိုတာ Sever ကနေပြီး Lost Mode ဆိုတဲ့ Feature လေးကို အသုံးပြုလိုက်တာပါ Mi Account အတွက် Web server ပေါ်မှာ Xiaomi ကနေပြီးတော့ Mi Cloud နဲ့ ဆက်ဆိုင်တဲ့ အရာတွေအသုံးပြုဖို့အတွက် တရားဝင် တည်ထောင်ပေးထားသည့်

https://i.mi.com ဆိုတဲ့ Website ရှိပါတယ်။

သဘောတရားကတော့ . . . ကျနော့်မှာ. . . Xiaomi Mi5x ကိုင်တယ်ဆိုပါစို့ အကယ်၍များ ကျနော့်ဖုန်းလေး ကျပျောက်ခဲ့တာလို့ အခိုးခံရတာဗျာ. . . ဖုန်းထဲမှာလည်း Mi Account ၀င်ထားတယ် ပြီးတော့ Find Device လည်း On ထားတယ် Mi Account ID & Password လည်း မှတ်မိတယ် ဆိုလျှင် အဲWebsite နေပြီးတော့ လှမ်းပြီး  Phone ကို Reset ချလို့ရတယ်  အဲဖုန်းက ဘယ်နားရှိလည်းသလဲဆိုတဲ့ Location ရှာလို့ ကြည့်လို့ရတယ်  စာတွေ / အသံတွေ ပို့လို့ရတယ်  ပျောက်သွားပါတယ် ဆိုပြီး ဖုန်းကို Lost Mode ချလို့ရတယ်

Clean Mode ဆိုတာ Mi Account ၀င်ထားပြီး Find Device ကို ON ထားလျက်နဲ့ ဖုန်းအား Reset ချတာလို့ Firmware Restore လုပ်ခဲ့မိလျှင်ဖြင့် Device က Automatic Server ချိတ်ဆက် ဆက်သွယ်လုပ်ပြီး Mi Account Lock ချပေးလိုက်ပါတယ်။

Mi Account ဟာ Lost Mode ဖြစ်ဖြစ် Clean Mode ဖြစ်ဖြစ် Find device ON ထားလျှင်တော့ Mi Account Lock က ကျ ပါလိမ့်မည်။ Mi Account Activation Lock Screen မှာ Password တခုတည်း ထည့်ခိုင်းလျှင် ထို Lock သည် Clean Mode ပါ။ Mi Account Activation Lock Screen မှာ ID ရော Password ရော (၂) ခုစလုံး ထည့်ခိုင်းလျှင် ထို Lock သည် Lost Mode ပါ။

Lost Mode ၊ Clean Mode (၂) ခုစလုံးဖြည်လို့ရပါတယ်။

Mi Account Lock ဖြည်ခြင်းမှာ Official နဲ့ Bypass ဆိုပြီး (၂) မျိုးရှိသည်။ Official ဆိုတာ Xiaomi ကို Request တောင်းပြီး သက်ဆိုင်ရာ Account Server ကနေ Xiaomi က တရားဝင်ဖြည်ပေးတာပါ။ မည်သည့် Errors မတပ်သလို Mi Account နဲ့ သက်ဆိုင်တဲ့ Feature တွေလည်း ပြန်အသုံးပြုလို့ ရပါတယ်. . .

Bypass ဆိုတာ Software နည်းဖြင့် Mi Account နှင့် သက်ဆိုင်သည့် Facture များအား လိုအပ်သလိုလုပ်ပြီး Account နှင့်သက်ဆိုင်သည့် ROM ထဲမှ Partition များအား ပြုပြင်၍ Bypass လုပ်ပါတယ်။ Bypass ဖြင့် Mi Account ကျော်ခြင်းသည် Official မဟုတ်သဖြင့် Mi Account နဲ့ သက်ဆိုင်တဲ့ Feature များ ပြန်အသုံးပြုလို့ မရနိုင်ပေ။

Xiaomi ဖုန်းတလုံး Mi Account Lock ရှိမရှိ စစ်ချင်လျှင် စစ်ချင်သည့် ဖုန်းရဲ့ IMEI နံပတ်နဲ့

https://i.mi.com/find/device/activationlock?_locale=en#/status?_k=9wv4p4

ထို Link မှာ ၀င် စစ်နိုင်ပါသည်။ Find Device က ON နေလျှင်တော့ Lock ဖြစ်မှာပါ။ အရင်ဦးဆုံး Xiaomi ဖုန်းတလုံး Software ပိုင်းကလိမည်ဆိုလျှင် Find Device ON/OFF လားဆိုတာ အရင်စစ်သင့်ပါတယ်။ Customer အား Mi Account ၀င်ထားသေးလားမေးမြန်းသင့်ပါတယ်ဗျာ. . .

ဒီလောက်နှင့်ပဲ ရပ်တန့်ပါရစေ. . . နောက်အပိုင်းမှပဲ Mi Account Lock Unlock လုပ်နည်းအားဆက်လက်ဖော်ပြပါ့မယ်

အထပ်ပါ အကြောင်းအရာများအား PDF အနေဖြင့် ပြုလုပ်ပေးပါတယ်

https://my.pcloud.com/publink/show?code=XZ8Ecd7Zxhrae1Xh09FDdXxpH7yMJF5MzvC7

Password - bntit123

____________ကျေးဇူးတင်ပါသည်__________

                                      #Credit
/r/FreeKarma4U Thread Link - i.redd.it